Monday, December 12, 2011

Blog Entry ``အချစ်စစ်စစ်ဖြင့် ချစ်စေချင်သည်

``အမိသည် မိမိကိုမှီ၍ဖြစ်သော တစ်ယောက်တည်းသောသားကို အသက်ထက်ဆုံး အဖန်တစ်လဲလဲ စောင့်ရှောက်သကဲ့သို့ အလုံးစုံသောသတ္တ၀ါတို့အပေါ်၌ အတိုင်းမသိသောချစ်ခြင်းမေတ္တာတရားကို ပွားများရာ၏´´ (ဗုဒ္ဓ-မေတ္တသုတ်)

အထက်ပါစကားရပ်သည် မေတ္တသုတ်၌လာသော ဘုရားရှင်၏စကားတော်ဖြစ်သည်။ သတ္တ၀ါတစ်ဦးက သတ္တ၀ါတစ်ဦးကို ချစ်ရာ၌ဖြစ်စေ၊ လူတစ်ဦးက လူတစ်ဦးကို ချစ်ရာ၌ဖြစ်စေ၊ အထက်ပါချစ်ခြင်းမေတ္တာမျိုးဖြင့် ချစ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ကမ္ဘာပေါ်၌ရှိကြသော လူသားတွေအားလုံး ဤကဲ့သို့သောချစ်ခြင်းမေတ္တာမျိုးဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်နိုင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့နေထိုင်သော ဤကမ္ဘာမြေပေါ်၌ စစ်ပွဲဆိုသည်ကို ကြားဖူးကြလိမ့်မည်မဟုတ်။ တစ်ဦးနှင့်တစ်ဦးကြား၌ ပဋိမက္ခပြဿနာများ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။ သို့သော် ဤကဲ့သို့သောချစ်ခြင်းမျိုးဖြင့် မချစ်နိုင်ကြသေး၍ တစ်ဦးနှင့်တစ်ဦး, တစ်အိမ်နှင့်တစ်အိမ်, တစ်ရွာနှင့်တစ်ရွာ, တစ်မြို့နှင့်တစ်မြို့, တိုင်းပြည်တစ်ခုနှင့်တစ်ခု, ပဋိပက္ခပြဿနာများ၊ စစ်ပွဲများ ဖြစ်နေကြရသသည်။ ဤနေရာ၌ အချစ်သုံးမျိုးကို ဖော်ပြလိုပေသည်။ အချစ်သည် သုံးမျိုးရှိကြောင်း ကျွန်ုပ်မှတ်သားဖူးသည်။ ထိုသုံးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ တဏှာပေမ = ယောက်ျားနှင့်မိန်းမအချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ကြိုက်ခြင်း၊
၂။ ဂေဟသိတပေမ = မိဘနှင့်သားသမီး, ညီနှင့်အကို, မောင်နှင့်နှမ-စသူတို့အချင်းချင်း ချစ်ခင်တွယ်တာခြင်း၊
၃။ မေတ္တာပေမ = လူအများတို့၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို လိုလားခြင်း၊

ထိုအချစ်သုံးမျိုးတွင် တဏှာပေမနှင့် ဂေဟသိတပေမတို့သည် ကုသိုလ်တရားများမဟုတ်ကြဘဲ အကုသိုလ်လောဘများဖြစ်ကြောင်း၊ မေတ္တာပေမသည်သာ ကုသိုလ်တရားဖြစ်ကြောင်း ကျွန်ုပ် လေ့လာမှတ်သားဖူးသည်။ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ များသောအားဖြင့် ပထမအချစ်နှင့် ဒုတိယအချစ်မျိုးကိုသာ ချစ်ခဲ့ကြတာများလိမ့်မည်ထင်သည်။ တတိယအချစ်မျိုးနှင့်ချစ်သောသူများ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် အနည်းငယ်မျှသာရှိလိမ့်မည်ထင်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ကိုယ်တိုင်နှင့် ကျွန်ုပ်ပတ်ဝန်းကျင်ကိုလေ့လာကြည့်ရာ၌ ပထမအချစ်မျိုးနှင့် ဒုတိယအချစ်မျိုးကိုသာ အတွေ့များသောကြောင့်ဖြစ်သည်။
တတိယအချစ်မျိုးနှင့်ချစ်သောပုဂ္ဂိုလ်တို့တွင် မြတ်စွာဘုရားရှင်သည် ထိပ်ဆုံးမှပါဝင်ခဲ့သည်။ မိလိန္ဒပဥှာ၌လာသော အရှင်သာရိပုတ္တရာ၏ ဘုရားရှင်အပေါ်ချီးမွမ်းထားသော စကားရပ်ကို ဤနေရာ၌ ဖော်ပြလိုပေသည်။
``ဘုရားရှင်သည် သတ်ပုတ်ညှင်းဆဲတတ်သော ဒေ၀ဒတ်အပေါ်၌လည်းကောင်း၊ အင်္ဂုလိမာလခိုးသားကြီးအပေါ်၌လည်းကောင်း၊ မိမိအားသတ်ရန် အတင်းတရကြမ်းပြေးလာခဲ့သော နာဠာဂိရိဆင်ကြီးပေါ်၌လည်းကောင်း၊ သားတော်ရာဟုလာအပေါ်၌လည်းကောင်း၊ အလုံးစုံသောသူတို့အပေါ်၌ ထပ်တူထပ်မျှစိတ်ထားတော်မူ၏´´ (အရှင်သာရိပုတ္တရာ-မိလိန္ဒပဥှာ)
ဤစကားရပ်ကို ကြည့်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်သည် အလုံးစုံသောသတ္တ၀ါတို့အပေါ်၌ အချစ်စစ်စစ်ဖြင့်ချစ်တော်မူခဲ့သည်မှာ ထင်ရှားလှ၏။ သားတော်ရာဟုလာသည် မြတ်စွာဘုရားရှင်၏ သားအရင်းဖြစ်သည်။ ဒေ၀ဒတ်သည် ဘုရားရှင်နှင့် ညီအကိုတစ်ဝမ်းကွဲ သမီးယောက်ဖတော်သော်လည်း ဘုရားရှင်အပေါ်၌ အမျိုးမျိုးမကောင်းကြံခဲ့၏။ သို့သော် ဘုရားရှင်သည် ရာဟုလာကို သားဖြစ်သည့်အတွက် ပို၍မချစ်သကဲ့သို့ ဒေ၀ဒတ်ကိုလည်း ရန်သူဖြစ်သည့်အတွက် ပို၍မမုန်းတီးခဲ့ပေ။ ထိုသူနှစ်ဦးတို့အပေါ်၌ တန်းတူချစ်ခဲ့ပေသည်။ အားလုံးခြုံ၍ပြောရလျှင် ဘုရားရှင်သည် အားလုံးသောသတ္တ၀ါတို့အပေါ်၌ ညီမျှသောချစ်ခြင်းဖြင့် ချစ်ခဲ့ပေသည်။ ဤသည်မှာ တကယ့်စစ်မှန်သောချစ်ခြင်းပင်ဖြစ်၏။

ကျွန်ုပ်နှင့်တကွ သင်တို့သည် နေ့စဉ်နှင့်အမျှ အချစ်အမျိုးမျိုးဖြင့် ချစ်ခဲ့ကြ၏။ ``အမေ´´ကို ချစ်ခဲ့၏။ ``အဖေ´´ကို ချစ်ခဲ့၏။ ``သား´´ကို ချစ်ခဲ့၏။ ``သမီး´´ကို ချစ်ခဲ့၏။ ``လင်´´ကို ချစ်ခဲ့၏။ ``မယား´´ကို ချစ်ခဲ့၏။ ``အကို´´ကို ချစ်ခဲ့၏။ ``ညီ´´ကို ချစ်ခဲ့၏။ ``မောင်´´ကို ချစ်ခဲ့၏။ ``နှမ´´ကို ချစ်ခဲ့၏။ ``မိတ်ဆွေ´´ကို ချစ်ခဲ့၏။ ``သူငယ်ချင်း´´ကို ချစ်ခဲ့၏။ ``ဆရာ´´ကို ချစ်ခဲ့၏။ ``တပည့်´´ကို ချစ်ခဲ့၏။ ဤကဲ့သို့ ကျွန်ုပ်နှင့်တကွ သင်တို့သည် မိမိတို့နှင့်နီးစပ်ပတ်သက်ရာကို ချစ်ခဲ့ကြ၏။ ကျွန်ုပ်နှင့်တကွသင်တို့၏ ထိုအချစ်များသည် မည်မျှကြာရှည်တည်တံ့ခဲ့သနည်း? မည်မျှစစ်မှန်ခဲ့သနည်း? ဤမေးခွန်းများ၏အဖြေများသည် သင်တို့ထံ၌ အဆင်သင့်ရှိနေလိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။ ကျွန်ုပ်နှင့်တကွ သင်တို့သည် အများအားဖြင့် ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဆွေမျိုး-အစရှိသည်ကြောင့်(ထိုပုဂ္ဂိုလ်တိုနှင့် အဆင်ပြေနေခိုက်ဖြစ်သည့်အတွကကြောင့်) ချစ်ခဲ့ကြသည်မဟုတ်ပါလော...?

ကျွန်ုပ်အဓိကပြောလိုသည်မှာ ကျွန်ုပ်နှင့်တကွ သင်တို့သည် ``မေတ္တပေမ´´ဟုခေါ်သော တတိယအချစ်မျိုးဖြင့် လူအများကို ချစ်ကြဖို့လိုကြောင်းဖြစ်သည်။ ဤအချစ်မျိုးဖြင့် မချစ်ဖူးကြသေးလျှင် ချစ်ကြည့်ဖို့လိုပါသည်။ ဤအချစ်မျိုးဖြင့် စ၍ချစ်ကြည့်နေပြီဆိုလျှင် ဆက်၍ချစ်နိုင်အောင် ကြိုးစားဖို့လိုပေသည်။ ဤအချစ်မျိုးဖြင့် ချစ်နေတာကြာခဲ့ပြီဆိုလျှင် ဆက်၍ကြာရှည်တည်တံ့အောင် ထိန်းသိမ်းထားဖို့လိုပေသည်။ ဤတတိယအချစ်မျိုးဖြင့် ချစ်နိုင်ဖို့ဆိုလျှင် မိမိ၌ မာန်မာနနည်းပါးဖို့လိုပေသည်။ သည်းခံစိတ်အားကြီးဖို့လိုပေသည်။ သင်တို့က ကျွန်ုပ်အား ``သင်ကရော တတိယအချစ်မျိုးနဲ့ လူတွေကို ဘယ်လောက်ထိချစ်ခဲ့ပြီလဲ...?´´ဟု မေးကောင်းမေးချင်နေပါလိမ့်မည်။ ဟုတ်ကဲ.. ကျွန်ုပ်ဖြေပါမည်။ ကျွန်ုပ်သည်လည်း သင်တို့နှင့် ဘာမျှမထူးပါ။ နေ့စဉ်နှင့်အမျှ ပထမအချစ်နှင့် ဒုတိယအချစ်မျိုးကိုသာ အချစ်များခဲ့ပါသည်။ သို့သော် တတိယအချစ်မျိုးနှင့်လည်း လူတွေကို စ၍ချစ်ကြည့်နေပါသည်။ အကျွန်ုပ်အနေဖြင့် သင်တို့အား မေတ္တာပေမ-ဟုခေါ်သော ဤအချစ်စစ်စစ်ဖြင့် လူအများကို စ၍ချစ်ကြည့်ဖို့ တိုက်တွန်းချင်လှသည်။

ဤနေရာ၌ အချစ်စစ်စစ်ဟုခေါ်သော မေတ္တာတရား၏စွမ်းအားကြီးမားပုံကို ဝေလာမသုတ်၌လာသည့်အတိုင်း ဖော်ပြလိုက်ပါသည်။

``မေတ္တာစွမ်းအား ကြီးမားပုံ´´

၁။ ထမင်းရေချောင်းစီးအောင်လှူဒါန်းခဲ့သော ဘုရားအလောင်းဝေလာမပုဏ္ဏားကြီး၏ အလှူဒါနမျိုးထက် သောတာပန်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၂။ သောတာပန်တစ်ရာကို လှူဒါန်းရခြင်းထက် သကဒါဂါမ်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၃။ သကဒါဂါမ်တစ်ရာကို လှူဒါန်းရခြင်းထက် အနာဂါမ်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၎။ အနာဂါမ်တစ်ရာကို လှူဒါန်းရခြင်းထက် ရဟန္တာတစ်ပါးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၅။ ရဟန္တာတစ်ရာကို လှူဒါန်းရခြင်းထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၆။ ပစ္စေကဗုဒ္ဓါတစ်ရာကို လှူဒါန်းရခြင်းထက် သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၇။ သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူဒါန်းရခြင်းထက် ဘုရားအမှူးပြုသောသံဃာတော်များကို လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၈။ ဘုရားအမှူးပြုသောသံဃာတော်များကို လှူဒါန်းရခြင်းထက် စတုဒိသသံဃာတော်ကိုရည်စူး၍ ကျောင်းဆောက်လှူဒါန်းရခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၉။ စတုဒိသသံဃာတော်ကိုရည်စူး၍ ကျောင်းဆောက်လှူဒါန်းရခြင်းထက် သရဏဂုံသုံးပါးကိုဆောက်တည်ခြင်းနှင့် ငါးပါးသီလကိုစောင့်ထိန်းခြင်းက သာလွန်၍အကျိုးကြီးပါတယ်။

၁၀။ သရဏဂုံသုံးပါးကိုဆောက်တည်ခြင်းနှင့် ငါးပါးသီလကိုစောင့်ထိန်းခြင်းထက် နံ့သာတစ်ရှူခန့်မျှအချိန်ပိုင်းလောက် မေတ္တာပွားများခြင်းက သာလွန်၍အကျိုးကြီးပါတယ်။
(ဝေလာမသုတ်)

ဤသို့ဆိုလျှင် မေတ္တာတရားသည် မည်မျှစွမ်းအားကြီးမားကြောင်း၊ မည်မျှအကျိုးကျေးဇူးများကြောင်း၊ သင် ရိပ်မိလောက်ပြီထင်ပါသည်။ မိလိန္ဒပဥှာ၌ မေတ္တာ၏အစွမ်းသတ္တိနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆိုထားပါသေးသည်။

``မေတ္တာစိတ်, မေတ္တာဓာတ်အားကောင်းသူအား ဘေးရန်အန္တရာယ်အပေါင်းတို့ မကျရောက် မဖျက်ဆီးနိုင်ခြင်းမှာ ထိုသူ၏အစွမ်းသတ္တိကြောင့်မဟုတ်၊ မေတ္တာ၏အစွမ်းသတ္တိကြောင့်ဖြစ်၏။ လုံခြုံသောအဆောက်အဦအတွင်း၌နေသူအား သည်းထန်စွာရွာသွန်းသောမိုးရေတို့ မစိုစွတ်ခြင်းမှာ အဆောက်အဦကြောင့် ဖြစ်သကဲ့သို့တည်း´´ (မိလိန္ဒပဥှာ)

ကျွန်ုပ်နှင့်တက သင်တို့သည် လက်ရှိရရှိထားသောဘ၀လေး၌ အေးအေးချမ်းချမ်းလေး နေထိုင်လိုကြသည်။ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြတ်သန်းလိုကြသည်။ အဆင်ပြေပြေလေး ရတည်လိုကြသည်။ သို့သော် ကျွန်ုပ်နှင့်တကွ သင်တို့သည် အများအားဖြင့် လိုချင်သောအရာနှင့် လုပ်နေသောအရာများ တစ်ထပ်တည်းမကျဘဲရှိနေတတ်သည်။ ကျွန်ုပ်နှင့်တကွ သင်တို့သည် အချစ်စစ်စစ်ကို လိုချင်ခဲ့ကြသည်။ သို့သော် အချစ်စစ်စစ်ကိုပြန်ပေးဖို့ မေ့နေတတ်ကြသည်။ ကျွန်ုပ်သည် သင့်အား Loving-kindness-ဟုဆိုသော မေတ္တာပေမ=အချစ်စစ်စစ်ဖြင့် လူအများကိုချစ်ကြည့်ဖို့ သတိပေးလိုက်သည်။ ကျွန်ုပ်နှင့်တကွ သင်တို့သည် (သို့မဟုတ်) ကမ္ဘာပေါ်၌ရှိကြသော လူသားအားလုံးတို့သည် အချစ်စစ်စစ်ဖြင့် အချင်းချင်းချစ်ကြမည်ဆိုလျှင်.....

နောက်ဆုံးအနေဖြင့် ကျွန်ုပ်သည် သင့်တို့အား ``မေတ္တာအကျိုး(၁၁)မျိုးကို ကျွန်ုပ်မှတ်သားထားသည့်အတိုင်း လက်ဆောင်အဖြစ်ဖော်ပြလိုက်ပါသည်။

``မေတ္တအကျိုး(၁၁)မျိုး´´
၁။ ချမ်းသာစွာအိပ်ရ၏၊
၂။ ချမ်းသာစွာနိုးရ၏၊
၃။ အိပ်မက်ဆိုးကို မမြင်မက်၊
၎။ လူတို့၏ချစ်မြတ်နိုးခြင်းကိုခံရ၏၊
၅။ သားရဲ, ဘီလူးတို၏ ချစ်မြတ်နိုးခြင်းကိုခံရ၏၊
၆။ နတ်တို့စောင့်ရှောက်ကုန်၏၊
၇။ မေတ္တာပွားများသောသူအား မီး, အဆိပ်, လက်နက်တို့ မစွဲ မကျ မဖျက်ဆီးနိုင်၊
၈။ လျင်မြန်စွာစိတ်တည်ကြည်၏၊
၉။ မျက်နှာအဆင်း အထူးကြည်လင်၏၊
၁၀။ မတွေမဝေသေရ၏၊
၁၁။ အလွန်မြတ်သောအရဟတ္တဖိုလ်တရားကို ထိုးထွင်း၍မသိနိုင်သော် သေပြီးလျှင်ဗြဟ္မာ့ပြည်သို့လားရ၏၊

1. He enjoys sound sleep,
2. He wakes up peacefully,
3. He does not have bad dreams,
4. He is love by human beings,
5. He is love by non-human beings,
6. He is guarded by Devas,
7. He is unaffected by fire, poison and weapons,
8. He can develop concentration quickly,
9. His face is serene and cheerful,
10. He never dies in bewilderment,
11. He may be born in the brahma realm when he dies,

(လုံးစုံများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ

Friday, February 18, 2011

Monk Owen Principal

Background Information & History
Our school was established by Monk Owen Principal in 2007. Mahasala Monastic Elementary School provides all students with stationary, school uniform, books, and free tuition. The school is registered as a non-profit organization in Myanmar. Principal, Monk Owen grew up in the school’s village, Chaungmagyi. He first attended school at the age of 14 because his family could not afford to send him to government school and there was no alternative school nearby. His educational struggles inspired him to co-found Mahasala Monastic Elementary School.

Location
Mahasala Monastic School is located in Sagaing Division, Sagaing Township, 2 miles north of Mingun. The school is nestled in the trees and borders the river of Chagungmagyi Village. It is inaccessible by road during the rainy season.

Our Students
The school started with 83 students and 4 teachers in 2007. Currently there are 155 students and 5 teachers. All of the students are from Chagungmagyi Village and nearby villages. Their parents earn a living by cutting firewood and fishing. Most of the villagers have never had a chance to attend school and for their children, education is not considered a priority.

Our Focus & Objective
Our focus is
-To provide education to anyone who desires it, without discrimination against economic class, ethnic background, or religious beliefs.
-To provide education based on a desire to learn, instead of financial circumstances.
-To foster and encourage critical thinking skills in a society that emphasizes rote memorization.
-To provide basic healthcare and medicine for common illnesses, such as influenza, diarrhea, and malaria.

The Curriculum
The school provides a formal education from pre-kindergarten to 6th standard. The school curriculum is accredited by the government.

We Need Your Support
Unlike government schools, monastic schools do not receive government funding. Through complete financial independence made possible by charitable funds, our school needs support from generous donors like you.

More specifically, our school needs financial funding and contributions for the following:
- A water pump to provide drinking water at the school
-Classroom equipment & furniture, such as tables, chairs and whiteboards
-Stationary and school supplies
-One classroom building
-Improvement of school facilities

Love the Children
We believe that every child deserves an opportunity to learn and go to school. Today’s children are tomorrow’s leaders. Through education our children will become strong and capable leaders. We provide them with hope for the future. Like an old proverb says: “You shouldn’t give a man a fish, you should teach him how to fish.” Education is man’s lifeline. Let’s give them their future.

Tuesday, February 15, 2011

*နေ့စဉ်ပွားပါ ဤငါးဖြာ*

၁။ ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။

ဘ၀ချမ်းသာရေးလမ်းစဉ်


အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသ
ဘ၀ချမ်းသာရေးလမ်းစဉ်

၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
http://mingun.us/frontpageမင်းကွန်းတိပိဋက မှ ကူးယူဖော်ပြပူဇော်ထားပါသည်။

Sunday, February 13, 2011

Hello everybody

Hello everyone ......in whatever continent you might be

I've got great news to share with you all, my supporters for my wild but humble idea to foster education for the underprivileged.

You know I selected Myanmar as the country where I would like to involve myself.
I'm presently in Bangkok, just came back from Yangon yesterday happy as a lark but tired as you can imagine the intensity with which I work.
What a difference a day makes......
As you know when I left Montreal, I didn't quite know how to invest the funds we collected together $14 000 US
So with lots of good will, confident that I at least had some contacts in Myanmar off I went to face the unknown with my faithful Massimo, the same guy  who made the pasta for the cannelloni and lasagne you yumyummed with delight.

I spent quite a few days disoriented and then I visited Phan Daung OO in Mandalay, a Monastic school which provides free education to many thousands of children and which is partnered by several international foundations amongst which Forderverein, a German foundation to which I had been introduced by Thant Zin,a friend I made the last time I was in Mandalay.
I had corresponded with its director Konrad Krajewski several times and he had put me in touch with U Win Aung, the Myanmar director of his projects in both Mandalay and vicinity.
So off I went to visit Phan Daung OO, met U Win Aung and got an extensive and well guided tour by his assistant Thanda. We visited all thefacilities and then I set off to wonder around the grounds to get familiar with the campus.
That's when I met monk Owen, a bright-eyed, enterprising sympathique monk who was going off to show an Australian visitor his village school. Of course I managed to hop on the pickup truck and the love story with Chaung Ma Gy began.

I have selected Chaung Ma Gyi Monastic School as the one where I will pour my energy, my pedagogical experience and of course some of our money.
I will fund the salary of the five existing teachers and

I have carefully selected an extra staff of 5 to do weekend enrichment in Chess, music, Soccer and of course English.
The salary for a staff of 9 will be 270 000 kyats which is about $340.00 per month.

I have also bought some materials needed: chess games, soccer balls, chin balls, skipping ropes and will buy a guitar in September.
We have planted six rosebushes to celebrate our adventure with the school.

I have left in deposit to the local director of the German foundation, salaries for the months of June, July, August and September.
The rest I will send through the bank or some other means which I will work on.

I plan to return in the near future to do a followup and see what improvements need to be made.
I have spent a lot of time with Monk Owen I'm fully confident that together we will build a great model school built on values we share
Cooperation and mutual respect between staff and pupils
A strong school Spirit
Expressing an Opinion
Success for all students
Excellence:doing our best
I will tell you more about the project and show you lots of pictures when we get back this summer.
Thank you for the faith you had in me and I will do my best not to let you down
Take care
Rosemarie

Sunday, October 3, 2010

ပါဝင်လှူဒါန်းနိုင်ပါသည်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာတော် (ဦးညာဏ၀ရ) တောင်တန်းသာသနာပြုဆရာတော်တစ်ပါးက စိတ္တသုခ ပရဟိတလူငယ်အနေဖြင့် ကျွန်တော့်ထံ ဆက်သွယ် အလှူခံလာပါတယ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ လိုအပ်နေတဲ့ ဆရာတော်ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ(2007-2008) ပညာသင်နှစ်မှစတင်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဖွင့်လင့်သင်ကြားခဲ့ရာ နိင်ငံတော်ရဲ့ခွင့်ပြုချက်များ ရရှိပြီဖြစ်ပါတယ်။ ချင်းကျောင်းသူ၊ ကျောင်းသာများရဲ့ သင်ကြားရေး အထောက်အကူပြု အဆောက်အဦး၊ စာသင်ဆောင်နှင့် အိပ်ဆောင်၊ အိမ်သာ၊ ရေချီုးကန်၊ ကျောင်းဆရာ၊ ဆရာမလစာ စသည့်များအထူးတလည်လိုအပ်လှက်ရှိနေကြောင်း သိရပါတယ်။
ဆရာတော်ရဲ့ အထူးလိုအပ်ချက်ကတော့ စာသင်ကျောင်းဆောင်နဲ့ အိပ်ဆောင်တည်ဆောက်ရန် ဖြစ်ပါတယ်။ မရှိန်းလှော် ဘုန်းတော်ကြီးသင် စာသင်ကျောင်းသည် မူလတန်းအဆင့်ဖြစ်ပြီး ကျောင်းသူကျောင်းသား (၅၉)ဦး နှင့် ဆရာ၊ ဆရာမ(၄)ဦးတို့နှင့် စာသင်ကြားလျက်ရှိပါသည်။ ကျောင်းဆောင်တည်ဆောက်မူ အပိုင်းမှာ(၁၀)ပေ(၄)ခန်းနှင့် (၂)ခန်း၊ အလျားပေ(၄၀) အနံ(၂၀)ပျဉ်ထောင်သွပ်မီုး တစ်ထပ်ဆောင် နှစ်ဆောင်ဖြစ်ပါသည်။ ကုန်ကျမူစရိတ်မှာတစ်ဆောင်လျှင် ကျပ်(၃၀)သိန်းခန့် ဖြစ်ပါတယ်။ ပါဝင်လှူဒါန်းလိုပါက
ဘဒ္ဒန္တညာဏ၀ရ(ဓမ္မာစရိယ)
မရှိန်းလှော်ဘုန်းတော်ကြီးသင်(အခမဲ့)ပညာရေးကျောင်း
ချင်းပြည်နယ်၊တောင်ပိုင်း၊မင်းတပ်မြို့နယ်
မရှိန်းလှော်ကျေးရွာ
Ph-09-6600109

Labels:

Saturday, September 25, 2010

ကျောင်းတည်နေရာ

မဟာသာလဘုန်းတော်ကြိးသင် ပညာရေးကျောင်းသည် ၊ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းတိုက်နယ် ၊ ချောင်းမကြီးကျေးရွာ ၊
မင်းကွန်း၏ မြောက်ဘက်(နှစ်)မိုင် အကွာတွင်တည်ရှိပါသည် ။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့မန္တလေးမှရေကြောင်းလမ်းကိုသာ အဓိက

အားထားဆက်သွယ်ရပါသည်။


ကျောင်းသမိုင်းအကျဉ်း

ဤကျောင်းသည် တစ်ချိန်က သင်္ဂဇာဆရာတော်ကြိး တောရဆောက်တည် သီတင်းသုံးနေတော်မူရာ ဌာနဖြစ်သောကြောင့် မဟာသာလ

ဟုအမည်တွင်ခဲ့ပါသည် ။ မဟာသာလဆိုသည်မှာ လူအများ ခိုကိုးအားထားရာ ကြီးမြတ်သောဇရပ်ကြီးဟု အဓိပ္ပါယ်ရပါသည်။

ယခုကျောင်းအုပ်ဆရာတော် သီတင်းသုံးနေတော်မူစဉ် ဒေသ၏ မဖွံ့ဖြိုးမူကြောင့် အစိုးရအခြေခံပညာမူလတန်း ကျောင်းမရှိသည့်အတွက်

ဒေသခံကလေးသူငယ်များမှာ ပညာရေးအခက်အခဲများ ကြုံတွေ့နေကြရာ ၊ ဆရာတော်မှ မြန်မာစာပေနှင့် ဗုဒ္ဒဘာသာယျဉ်ကျေးမှုစာပေများ

ကိုသင်ကြားပို့ချခဲ့ရပါသည်။

၂၀၀၇-၂၀၀၈ ပညာသင်နှစ်များတွင် ကလေးသူငယ်များ၏ ပညာရေးကိုရူငဲ့၍လည်းကောင်း ၊ နိုင်ငံတော်၏ ခွင့်ပြုချက်များရရှိပြီး

ဆရာ/ဆရာမ(၄)ဦးနှင့် ကျောင်းသူကျောင်းသား ( ၂၅၀ )ကျော်တို့ကို ပညာသင်ကြားပေးလျှက်ရှိပါသည် ။


ကျောင်းရည်ရွယ်ချက်

ဤကျောင်းတော်တွင် ကလေးသူငယ်များ ၊ လူမျိုးဘာသာ မခွဲခြားပဲ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းဝင်ကြေး ၊

ကျောင်းထွက်ကြေး ၊ နှစ်စဉ်ကြေး ၊ လစဉ်ကြေး ၊ ဆရာကတော့ကြေး ၊ မည်သည့်ကြေးမှ မကောက်ခံဘဲလွတ်လပ်စွာပညာသင်ကြားနိုင်ရမည်။



ကျောင်း၏လိုအပ်ချက်

ကျောင်းစတင်ဖွင့်သော-၂၀၀၇- ၂၀၀၈ ပညာသင်နှစ်မှာပင် ကျောင်းသား/သူဦးရေ ထင်ထားသည်ထက် လက်ခံခဲ့ရပါသည်။

သို့အတွက်ယာယီစာသင်ခန်းများ ၊ ဆောက်လုပ်သင်ကြားပေးနေသော်လည်း ကျောင်းသား ၊ ကျောင်းသူ အင်းအားနှင့် အဆောက်အဦးများမှာ

မမျှတပါ ။ အသစ်စတင်ဖွင့်လှစ်သော ကျောင်းဖြစ်ပါသောကြောင့် ကျောင်း၏၀င်ငွေအနေနဲ့ မရှိပါ ။ အလူုရှင်များမှလူုဒါန်းသော အလူုငွေ

များဖြင့်ကျောင်းဆရာ/မလစာအတွက် အသုံးပြုနေရပါသည်။


ကျောင်းသုံးပရိဘောဂများ ကျောင်းစာသင်ခုံ ၊ စာရေးကရိယာများ ၊ စာအုပ်စာတန်းများ Black Board များစွာလိုအပ်လျှက်ရှိပါသည်။

အဓိကအားဖြင့် ကျောင်းဆောင်မှာ မရှိမဖြစ်လိုအပ်နေပါသဖြင့် မိမိတို့စေတနာအလျှောက် ကုသိုလ်ပါဝင်လှူဒါန်းကြပါရန် Burmese Children

မှနိုးဆော်အပ်ပါသည်။




ဆက်သွယ်လှူဒါန်းရန်ဌာန


အရှင်ဝိစာရ(ကျောင်းအုပ်ဆရာတော်)
မဟာသာလဘုန်းတော်ကြီးသင်ပညာဒါနကျောင်း
စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းတောင်ရိုး
ချောင်းမကြီးကျေးရွာ ။

monkowen@burmesechildren.com

Labels: